ရှင်မာကုခရစ်ဝင် 14:45
သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
Common Language Bible
In The King James Version
And as soon as he was come, he goeth straightway to him, and saith, Master, master; and kissed him.
In Context
46လူတို့သည်ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Malachi 1:6အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
Mark 12:14ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
John 13:13သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။-