ရှင်မာကုခရစ်ဝင် 2:16
ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 65:5ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
Matthew 18:17အကယ်၍သူသည်ထိုသူတို့၏စကားကိုလည်း နားမထောင်ပြန်လျှင်အသင်းတော်အားတိုင်ကြား လော့။ အသင်းတော်၏စကားကိုပင်နားမထောင် လျှင်ထိုသူအားဘုရားမဲ့သူတစ်ယောက်၊ သို့ မဟုတ်အခွန်ခံသူတစ်ယောက်ကဲ့သို့မှတ်ယူ လော့။
Luke 15:2ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
Luke 19:7ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
Acts 23:9သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
Hebrews 12:3အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။-