ရှင်မာကုခရစ်ဝင် 2:17
ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 55:7သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
Matthew 18:10``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
Luke 15:7ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။
Luke 15:29သားကြီးက `ကျွန်တော်သည်နှစ်ပေါင်းများစွာ အဖ၏အစေကိုခံခဲ့ပါ၏။ အဖ၏အမိန့်ကို အဘယ်အခါကမျှမလွန်ဆန်ခဲ့ဘူးပါ။ သို့ ရာတွင်သူငယ်ချင်းများနှင့်အတူကျွန်တော် ပျော်ပွဲစားရန် အဖသည်အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှမပေးခဲ့ပါ။-
Luke 19:10လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။
John 9:40ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။