ရှင်မာကုခရစ်ဝင် 4:16
ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 8:19ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
Mark 6:20ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
Luke 8:13ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
Acts 8:13ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
Acts 24:25သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-