ရှင်မာကုခရစ်ဝင် 6:20
ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 11:3အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုး သားတို့အား ရိုသေလေးစားစေရန်ထာဝရ ဘုရားပြုပြင်တော်မူ၏။ စင်စစ်အားဖြင့် ဘုရင်၏မှူးမတ်ပြည်သူတို့ကမောရှေ အားအလွန်ကြီးမြတ်သောပ္ဂိုလ်ဖြစ်သည် ဟုခံယူထားကြ၏။
2 Kings 3:12ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
2 Kings 13:14ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
2 Chronicles 24:15သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။-
Psalms 106:12ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
Ezekiel 33:32သူတို့အဖို့မှာသင်သည်အချစ်သီချင်း များကိုသီဆိုတီးမှုတ်ဖြေဖျော်သူကဲ့ သို့ဖြစ်ပေသည်။ သူတို့သည်သင်ပြောသမျှ သောစကားတို့ကိုနားထောင်ကြသော်လည်း တစ်လုံးတစ်ပါဒကိုမျှမလိုက်နာကြ။-