ရှင်မာကုခရစ်ဝင် 5:13
ကိုယ်တော်သည်ခွင့်ပြုတော်မူ၏။ ညစ်ညမ်းသော နတ်တို့သည် ထိုလူ၏ထံမှထွက်ခွာ၍ဝက်များ ကိုပူးဝင်ကြ၏။ ကောင်ရေနှစ်ထောင်ခန့်ရှိသော ထိုဝက်အုပ်သည်ချောက်ကမ်းပါးအတိုင်းအိုင် ထဲသို့ပြေးဆင်းလျက်နစ်မြုပ်ဆုံးပါးကြ ကုန်၏။
Common Language Bible
In The King James Version
In Context
Cross References
1 Kings 22:22ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
Job 2:6ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
John 8:44သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
Revelation 9:11သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)
Revelation 20:7ထိုနောက်အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည်အကျဉ်းကျရာမှလွတ်ပြီးလျှင်၊-