ရှင်မာကုခရစ်ဝင် 5:15
သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 16:4ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
1 Chronicles 15:13ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။
Psalms 14:5သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
Matthew 4:24ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
Matthew 12:29``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
Mark 5:9ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊-