ရှင်မာကုခရစ်ဝင် 5:34
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 1:17ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
2 Kings 5:19ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။ သူသည်သွား၍အဝေးသို့မရောက်မီ၊-
Matthew 9:2ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။
Mark 5:29ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။-
Luke 7:50သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
Luke 17:19ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။