ရှင်မာကုခရစ်ဝင် 6:34
ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 27:17တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။
2 Chronicles 18:16ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
Jeremiah 50:6``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။-
Matthew 9:36လူပရိသတ်တို့သည်သိုးထိန်းမဲ့သည့်သိုးများ ကဲ့သို့အားကိုးစရာမရှိ၊ ပူပင်သောကရောက် လျက်နေကြသည်ကိုမြင်တော်မူလျှင်သူတို့အား သနားကြင်နာတော်မူ၏။-
Matthew 15:32သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
Romans 15:2ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-