ရှင်မာကုခရစ်ဝင် 6:41
ထို့နောက်ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်ကိုယူတော်မူ၍ကောင်းကင်သို့မျှော်ကြည့် လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူ၏။ မုန့်ကိုဖဲ့တော်မူပြီးလျှင် လူတို့အား ဝေငှရန်တပည့်တော်တို့အားပေးတော်မူ၏။-
Common Language Bible
In The King James Version
In Context
40လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။-
Cross References
Deuteronomy 8:10သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
Matthew 14:19ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
Matthew 26:26ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
Mark 8:6ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-
Luke 9:16ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-
John 6:11ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။-