ရှင်မာကုခရစ်ဝင် 6:52
အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
Common Language Bible
In The King James Version
For they considered not the miracle of the loaves: for their heart was hardened.
In Context
Cross References
Matthew 16:9ယုံကြည်ခြင်းအားနည်းသူတို့၊ ယခုတိုင်အောင် ပင်မသိနားမလည်နိုင်ကြသလော။-
Mark 7:18ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)
Mark 16:14ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
Romans 11:7ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-