ရောမဩဝါဒစာ 11:7
ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 1:28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
Isaiah 44:18ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
Luke 13:24ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
Romans 3:9သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
Romans 8:28ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
Romans 9:23ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-