ရှင်မာကုခရစ်ဝင် 7:6
ကိုယ်တော်က ``သင်တို့၏အကြောင်းပရောဖက် ဟေရှာယဟောကြားချက်မှာမှန်လှပါသည် တကား။ သင်တို့သည်ကြောင်သူတော်များဖြစ် ကြ၏။ ထို့ကြောင့်ဟေရှာယသည်သင်တို့ကို ရည်မှတ်လျက်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီး ကူးကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 29:13ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
Hosea 8:2ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
Matthew 23:13``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
John 8:54သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-
Acts 28:25ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။