ရှင်မာကုခရစ်ဝင် 8:35
မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Esther 4:11``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။
Jeremiah 26:20(ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ ဟောပြောကြသူအခြားလူတစ် ယောက်ရှိသေး၏။ ထိုသူသည်ရှေမာယ ၏သား၊ ကိရယတ်ယာရိမ်မြို့သားဥရိယ ဖြစ်၏။ သူသည်ဤမြို့နှင့်ဤလူမျိုးအား ဆန့်ကျင်၍ယေရမိဟောပြောသကဲ့သို့ ဟောပြောခဲ့၏။-
Matthew 10:22သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
Matthew 16:25မိမိအသက်ကိုကယ်လိုသူသည်အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ၏အတွက်အသက်ဆုံးရှုံးရသူသည် အသက်ကိုရလိမ့်မည်။-
Luke 6:22``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
Luke 17:33မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။-