ရှင်မာကုခရစ်ဝင် 9:34
သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 18:1ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။
Mark 9:50ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။ ``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။
Luke 22:24တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-
Philippians 2:3ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
3 John 1:9ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-