ရှင်မဿဲခရစ်ဝင် 13:33
ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 13:6သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။ ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
Proverbs 4:18ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
Matthew 13:24သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။-
Luke 13:21နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
John 16:12``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
Galatians 5:9``မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေရန် တဆေးအနည်းငယ်သာလိုသည်'' ဟူသော ဆိုရိုးစကားကိုသတိပြုကြလော့။-