ရှင်မဿဲခရစ်ဝင် 13:24
သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။-
Common Language Bible
In The King James Version
In Context
Cross References
Judges 14:12ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။-
Isaiah 28:13သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
Matthew 13:19လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။-
Matthew 13:33ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
Matthew 13:44``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။