ရှင်မဿဲခရစ်ဝင် 16:13
သခင်ယေရှုသည်ကဲသရိဖိလိပ္ပိနယ်သို့ရောက် ရှိတော်မူသောအခါတပည့်တော်တို့အား ``လူ တို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ဟုပြောဆို ကြသနည်း'' ဟုမေးတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 7:13ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
Matthew 9:6သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``ထလော့၊ ထမ်းစင် ကိုထမ်း၍အိမ်သို့ပြန်လော့'' ဟုမိန့်တော်မူ၏။
Matthew 12:32လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။
Matthew 13:37ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။-
Matthew 15:21သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။-
Mark 8:27သခင်ယေရှုနှင့်တပည့်တော်တို့သည် ကဲသရိ ဖိလိပ္ပုကျေးရွာများသို့သွားကြ၏။ လမ်းတွင် ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ပြောဆိုနေကြသနည်း'' ဟု တပည့်တော်တို့အားမေးတော်မူ၏။-