ရှင်မဿဲခရစ်ဝင် 2:12
ဟေရုဒ်မင်းထံသို့မပြန်ကြရန်အိပ်မက်တွင် ဘုရား သခင်သတိပေးတော်မူသဖြင့် သူတို့သည်အခြား လမ်းဖြင့်မိမိတို့တိုင်းနိုင်ငံသို့ပြန်သွားကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 31:24ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
Job 33:15လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
Matthew 1:20ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
Matthew 2:19ဟေရုဒ်မင်းကွယ်လွန်ပြီးနောက်အီဂျစ်ပြည်တွင် ယောသပ်သည်ထာဝရဘုရား၏ကောင်းကင် တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။-
Matthew 27:19ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
Acts 5:29ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-