The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 21 › ရှင်မဿဲခရစ်ဝင် 21:19

ရှင်မဿဲခရစ်ဝင် 21:19

လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

Common Language Bible

In The King James Version

And when he saw a fig tree in the way, he came to it, and found nothing thereon, but leaves only, and said unto it, Let no fruit grow on thee henceforward for ever. And presently the fig tree withered away.

In Context

18နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-

20ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

Read all of ရှင်မဿဲခရစ်ဝင် 21

Cross References

Mark 11:14ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။

Luke 13:6ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-

John 15:2ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။-

2 Timothy 3:5ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-

Hebrews 6:7ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-

Jude 1:12သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 21:19

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်မဿဲခရစ်ဝင် 21:18ရှင်မဿဲခရစ်ဝင် 21ရှင်မဿဲခရစ်ဝင် 21:20 →