ရှင်မဿဲခရစ်ဝင် 21:32
ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။''
Common Language Bible
In The King James Version
In Context
Cross References
Isaiah 35:8ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
Zechariah 7:11``သို့ရာတွင်ငါ၏လူမျိုးတော်သည်ဂရု မစိုက်ဘဲခေါင်းမာလျက် ငါ့စကားကိုနား မထောင်ကြ။ သူတို့သည်နားကိုပိတ်ထား ကြ၏။-
Matthew 11:18ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
Luke 3:8နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Luke 7:37ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။-
Acts 13:25မိမိဆောင်ရွက်ရမည့်အမှုပြီးဆုံးချိန်နီး သောအခါ ယောဟန်က `ငါသည်သင်တို့စောင့် မျှော်နေသည့်အရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ပေါ်ထွန်းလိမ့်မည်။ ငါသည်ထို အရှင်၏ဖိနပ်ကိုမျှမချွတ်ထိုက်' ဟုဆို၏။