The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 13 › တမန်တော်ဝတ္ထု 13:25

တမန်တော်ဝတ္ထု 13:25

မိ​မိ​ဆောင်​ရွက်​ရ​မည့်​အ​မှု​ပြီး​ဆုံး​ချိန်​နီး သော​အ​ခါ ယော​ဟန်​က `ငါ​သည်​သင်​တို့​စောင့် မျှော်​နေ​သည့်​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို အ​ရှင်​၏​ဖိ​နပ်​ကို​မျှ​မ​ချွတ်​ထိုက်' ဟု​ဆို​၏။

Common Language Bible

In The King James Version

And as John fulfilled his course, he said, Whom think ye that I am? I am not he. But, behold, there cometh one after me, whose shoes of his feet I am not worthy to loose.

In Context

24ထို​အ​ရှင်​အ​မှု​တော်​ကို​စ​တင်​၍​ဆောင်​ရွက် တော်​မ​မူ​မီ​ယော​ဟန်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား `နောင်​တ​ရ​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ကြ​လော့' ဟု​ဟော​ပြော​၏။-

26``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-

Read all of တမန်တော်ဝတ္ထု 13

Cross References

Matthew 3:11သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။-

Mark 6:16သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။-

John 1:20ထို​အ​ခါ​ယော​ဟန်​က ``ငါ​သည်​မေ​ရှိ​ယ မ​ဟုတ်'' ဟု​ထိန်​ဝှက်​ခြင်း​မ​ရှိ​ဘဲ​အ​တိ အ​လင်း​ပြော​ဆို​၏။

John 1:29နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။-

John 1:36သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။

John 4:34ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 13:25

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 13:24တမန်တော်ဝတ္ထု 13တမန်တော်ဝတ္ထု 13:26 →