ရှင်မဿဲခရစ်ဝင် 22:23
ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-
Common Language Bible
In The King James Version
The same day came to him the Sadducees, which say that there is no resurrection, and asked him,
In Context
Cross References
Matthew 3:7ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
Mark 12:18သေခြင်းမှထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူ ရှိသောဇဒ္ဒုကဲအချို့တို့သည် အထံတော်သို့ ချဉ်းကပ်၍၊-
Acts 4:1ပေတရုနှင့်ယောဟန်တို့သည်လူတို့အား ဟောပြောလျက်နေကြစဉ်ယဇ်ပုရောဟိတ် များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့်ဇဒ္ဒုကဲ များသည်ရောက်လာကြ၏။-
Acts 23:6သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
2 Timothy 2:18သူတို့သည်သမ္မာတရားလမ်းမှလွဲသွား လျက်သေလွန်သောသူတို့သည် ရှင်ပြန်ထ မြောက်ပြီဟူ၍ဆိုကာ လူအချို့တို့၏ ယုံကြည်ခြင်းကိုမှောက်လှန်နေကြ၏။-