ရှင်မဿဲခရစ်ဝင် 25:21
သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 31:20ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
Matthew 10:40``သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်ငါ့ကိုစေလွှတ်တော်မူ သောအရှင်ကိုလက်ခံ၏။-
Matthew 24:47အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။-
Matthew 25:34ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
Luke 12:44အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။-
Luke 22:28သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-