ရှင်မဿဲခရစ်ဝင် 27:3
ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
2ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
Cross References
Job 20:5ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
Matthew 26:14ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
Mark 14:10တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
Luke 22:2ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
John 13:2သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
John 18:3သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-