ရှင်မဿဲခရစ်ဝင် 28:2
ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
Common Language Bible
In The King James Version
In Context
3သူ၏အဆင်းသဏ္ဌာန်သည်လျှပ်စစ်လက်သကဲ့သို့ ဖြစ်၍သူ၏အဝတ်သည်မိုးပွင့်ကဲ့သို့ဖြူ၏။-
Cross References
Mark 16:3လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
John 20:1တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။-
Acts 16:26ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-
1 Peter 1:12ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။