ရှင်မဿဲခရစ်ဝင် 28:6
ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
Common Language Bible
In The King James Version
He is not here: for he is risen, as he said. Come, see the place where the Lord lay.
In Context
Cross References
Matthew 12:40ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
Matthew 17:9ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
Matthew 20:19လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Matthew 27:63``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
Mark 16:6ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
Luke 24:12သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။