ရှင်မဿဲခရစ်ဝင် 3:11
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 44:3``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
Zechariah 13:9``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
Matthew 3:6သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
Mark 1:7သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
Luke 3:3သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
Luke 7:6သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-