ရှင်မဿဲခရစ်ဝင် 3:6
သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
Common Language Bible
In The King James Version
And were baptized of him in Jordan, confessing their sins.
In Context
Cross References
Leviticus 16:21သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
Numbers 5:7ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
Job 33:27သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
Proverbs 28:13မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
Daniel 9:4ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
Matthew 3:13ထိုအခါသခင်ယေရှုသည်ယောဟန်ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူရန်ဂါလိလဲပြည်မှ ယော်ဒန်မြစ်သို့ကြွလာတော်မူ၏။-