ရှင်မဿဲခရစ်ဝင် 3:9
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Common Language Bible
In The King James Version
In Context
8အကယ်ပင်နောင်တရကြောင်းကိုသင်တို့၏ အကျင့်အားဖြင့်ပြကြလော့။-
Cross References
Matthew 8:11``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
Luke 3:8နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Luke 7:39ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
Luke 16:24သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
John 8:33ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။
John 8:53သင်သည်သေလွန်သူငါတို့၏အဖအာဗြဟံ ထက်ပင်ကြီးမြတ်ပါသလော။ ပရောဖက်တို့ သည်လည်းသေလွန်လေပြီ။ သင်သည်မိမိကိုယ် ကိုအဘယ်သူဟုထင်မှတ်ပါသနည်း'' ဟု မေးကြ၏။