ရှင်မဿဲခရစ်ဝင် 4:19
သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။-
Common Language Bible
In The King James Version
And he saith unto them, Follow me, and I will make you fishers of men.
In Context
20သူတို့သည်ချက်ချင်းပင်မိမိတို့၏ပိုက်ကွန် များကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
Cross References
Ezekiel 47:9ထိုချောင်းစီးဆင်းရာအရပ်တိုင်း၌တိရစ္ဆာန် နှင့်ငါးအမျိုးမျိုးတို့ကိုတွေ့ရှိရလိမ့်မည်။ ယင်းသည်ပင်လယ်သေ၏ရေကိုရေချို ဖြစ်စေလိမ့်မည်။ မိမိစီးဆင်းရာအရပ် တိုင်း၌သက်ရှိသတ္တဝါများအားအသက် ရှင်သန်စေလိမ့်မည်။-
Matthew 9:9သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
Matthew 19:21သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
Mark 2:14ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။
Luke 5:27ထိုနောက်ကိုယ်တော်သည်ကပေရနောင်မြို့မှ ထွက်ကြွတော်မူ၍ အကောက်ခွန်ရုံးခန်းတွင် လေဝိနာမည်ရှိသူအခွန်ခံထိုင်နေသည်ကို မြင်တော်မူလျှင် ``ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
John 1:43နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-