ရှင်မဿဲခရစ်ဝင် 6:24
``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 47:17သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။
Joshua 24:19ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။-
1 Kings 18:21ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
2 Kings 17:41သို့ဖြစ်၍ထိုသူတို့သည်ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း မိမိတို့၏ရုပ်တုများ ကိုလည်းကိုးကွယ်ကြ၏။ သူတို့၏သားမြေး တို့သည်လည်း ယနေ့တိုင်အောင်ဤနည်း အတိုင်းဆက်လက်ပြုကျင့်ကြကုန်သည်။
Zephaniah 1:5အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
Luke 16:9``ထိုမှတစ်ပါးသင်တို့အားငါဆိုသည်ကား လောကစည်းစိမ်ချမ်းသာအားဖြင့်မိတ်ဆွေ များရအောင်ပြုကြလော့။ သို့မှသာထိုစည်း စိမ်ချမ်းသာကုန်ဆုံးသောအခါသင်တို့အား ထာဝရအိမ်တော်တွင်ကြိုဆိုလက်ခံလိမ့် မည်။-