ရှင်မဿဲခရစ်ဝင် 7:17
အပင်ကောင်းသည်အသီးကောင်းကိုသီးတတ်၏။ အပင်ညံ့သည်အသီးညံ့ကိုသီးတတ်၏။-
Common Language Bible
In The King James Version
Even so every good tree bringeth forth good fruit; but a corrupt tree bringeth forth evil fruit.
In Context
18အပင်ကောင်းသည်အသီးညံ့မသီးနိုင်။ အပင်ညံ့ သည်လည်း အသီးကောင်းကိုမသီးနိုင်။-
Cross References
Psalms 92:13သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍ ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။ ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင် အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။
Isaiah 61:3ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
Jeremiah 17:8ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။''
Luke 13:6ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။-
Ephesians 5:9အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
Colossians 1:10သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-