ရှင်မဿဲခရစ်ဝင် 7:2
သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 21:24မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ၊-
Judges 5:27သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
Psalms 18:25အို ထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။
Jeremiah 51:24ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-
Mark 4:24ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
2 Corinthians 9:6မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-