ရှင်မဿဲခရစ်ဝင် 7:3
သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 12:5ထိုအခါဒါဝိဒ်သည်ထိုသူဌေးအားလွန်စွာ အမျက်ထွက်သဖြင့်``ဤသို့သောအမှုကိုပြုသူ သည်သေဒဏ်ခံသင့်ကြောင်းအသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆိုပါ၏။-
Psalms 50:16သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
Luke 18:11ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
Galatians 6:1ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-