ရှင်မဿဲခရစ်ဝင် 8:16
ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 4:23ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Matthew 9:2ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။
Matthew 14:14ကိုယ်တော်သည်လှေပေါ်မှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူလျှင်သူတို့ကိုသနား တော်မူသဖြင့်ဖျားနာသူများကိုကျန်းမာစေ တော်မူ၏။
Mark 1:32နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
Mark 5:8ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
Luke 4:40နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။-