ရှင်မဿဲခရစ်ဝင် 8:2
ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 13:44သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။-
Numbers 12:10တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊-
2 Samuel 3:39ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။
2 Kings 5:27ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။
2 Kings 15:5ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။-
Matthew 2:11သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။