ရှင်မဿဲခရစ်ဝင် 8:3
သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:3ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-
2 Kings 5:14သို့ဖြစ်၍နေမန်သည်ယော်ဒန်မြစ်သို့ဆင်းပြီး လျှင် ဧလိရှဲညွှန်ကြားခဲ့သည့်အတိုင်း ခုနစ်ကြိမ် တိုင်တိုင်မိမိကိုယ်ကိုရေတွင်နှစ်လိုက်သောအခါ ရောဂါလုံးဝပျောက်ကင်းသွားလေသည်။ သူ၏ အသားအရေသည်ကလေးသူငယ်၏အသား အရေကဲ့သို့တောင့်တင်းစိုပြေလာ၏။-
Matthew 11:4သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
Mark 4:39ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။-
Mark 7:34ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
Luke 5:13ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။-