ရှင်မဿဲခရစ်ဝင် 9:35
သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 11:1သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
Mark 1:32နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
Mark 6:56ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။
Luke 13:22ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-
Acts 10:38နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-