The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 10 › တမန်တော်ဝတ္ထု 10:38

တမန်တော်ဝတ္ထု 10:38

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-

Common Language Bible

In The King James Version

How God anointed Jesus of Nazareth with the Holy Ghost and with power: who went about doing good, and healing all that were oppressed of the devil; for God was with him.

In Context

37ဗတ္တိ​ဇံ​တ​ရား​ကို​ယော​ဟန်​ဟော​ပြော​ပြီး​သည့် နောက် ဂါ​လိ​လဲ​ပြည်​မှ​အ​စ​ပြု​၍ ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို​လည်း​ကောင်း၊-

39ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ ဣသ​ရေ​လ နိုင်​ငံ​ရှိ​အ​ခြား​မြို့​ရွာ​များ​၌​လည်း​ကောင်း၊ ကိုယ်​တော်​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ တို့​နှင့်​ပတ်​သက်​၍ ငါ​တို့​သည်​အ​သိ​သက်​သေ များ​ဖြစ်​ကြ​၏။ ထို​နောက်​လူ​တို့​သည်​ကိုယ်​တော် ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။-

Read all of တမန်တော်ဝတ္ထု 10

Cross References

Psalms 2:2ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။

Psalms 45:7အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။

Isaiah 42:1ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။

Matthew 4:23ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-

Matthew 9:35သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။-

Matthew 12:28ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 10:38

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 10:37တမန်တော်ဝတ္ထု 10တမန်တော်ဝတ္ထု 10:39 →