မိက္ခာအနာဂတ္တိကျမ်း 7:12
သင်တို့၏လူမျိုးတော်သည်အရှေ့ဘက် အာရှုရိပြည်မှလည်းကောင်း၊ တောင်ဘက် အီဂျစ်ပြည်မှလည်းကောင်း၊ ဥဖရတ်မြစ် ဝှမ်းဒေသမှလည်းကောင်း၊ ဝေးလံသော ပင်လယ်များနှင့်တောင်များမှလည်းကောင်း သင်တို့ထံသို့ပြန်လာကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
Isaiah 19:23ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။-
Isaiah 43:6သူတို့အားထွက်ခွာခွင့်ပြုရန် မြောက်အရပ်ကိုလည်းကောင်း၊ သူတို့အားဆီးတား၍မထားရန် တောင်အရပ်ကိုလည်းကောင်းငါပြောမည်။ ကမ္ဘာအရပ်ရပ်ရှိရပ်ဝေးနိုင်ငံများမှငါ၏ လူမျိုးတော်များပြန်လာကြပါစေ၊
Isaiah 60:4သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
Jeremiah 3:18ဣသရေလသည်ယုဒနှင့်ပေါင်း၍လူတို့ နှင့်အတူမြောက်အရပ်မှ သင်တို့ဘိုးဘေး များအားငါအပိုင်ပေးအပ်ခဲ့သည့်ပြည် သို့လာရောက်ကြလိမ့်မည်'' ဟုပြောကြား စေတော်မူ၏။
Jeremiah 31:8ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
Ezekiel 37:21ထိုနောက်ငါအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား သူတို့ ရောက်ရှိနေရာလူမျိုးတကာတို့အထဲမှ ထုတ်ယူစုသိမ်းပြီးလျှင် သူတို့ကိုယ်ပိုင်တိုင်း ပြည်သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်းထို သူတို့အားပြောပြလော့။-