နာဟုံအနာဂတ္တိကျမ်း 2:1
အို နိနေဝေမြို့၊ရန်သူသည်သင့်ကိုတိုက်ခိုက် လျက်ရှိ၏။ သင်တို့ချေမှုန်းပစ်မည့်သူသည်ရောက်ရှိလာ လေပြီ။ သင်၏ခံတပ်များကိုကြီးကြပ်အုပ်ချုပ်လော့။ လမ်းတွင်အစောင့်ချထားလော့။ တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်လော့။
Common Language Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 2
Cross References
Psalms 50:14ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
Isaiah 29:8ယေရုရှလင်မြို့ကိုတိုက်ကြသည့်လူမျိုး အပေါင်းတို့သည် အိပ်မက်တွင်အစားအသောက် များကိုစားရ၍ အိပ်ရာမှနိုးထချိန်၌မွတ် သိပ်မြဲမွတ်သိပ်လျက်နေသူနှင့်လည်းကောင်း၊ အိပ်မက်တွင်ရေကိုသောက်ရ၍ အိပ်ရာမှနိုး ထချိန်ရေငတ်မြဲငတ်လျက်နေသူနှင့် လည်းကောင်းတူလိမ့်မည်။
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 50:23ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။-
Jeremiah 51:20ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊ သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။ တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။