Nehemiah 13:28
ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 2:10သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
Nehemiah 3:1မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
Nehemiah 12:10ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
Nehemiah 13:4ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
Psalms 101:8ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။ ဆိုးညစ်သူအပေါင်းတို့အားထာဝရဘုရား၏ မြို့တော်မှနှင်ထုတ်ပါမည်။
Proverbs 20:26ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။