Nehemiah 13:29
အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 21:1ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။-
Leviticus 21:15ဤအတိုင်းမကျင့်လျှင်သူ၏သားသမီး တို့သည် သန့်ရှင်းသင့်ပါလျက်နှင့်မသန့် ရှင်းသူများဖြစ်ကြလိမ့်မည်။ ငါထာဝရ ဘုရားသည်သူ့အား ယဇ်ပုရောဟိတ်မင်း အဖြစ်ခွဲခန့်မှတ်သားတော်မူပြီ။
Numbers 16:9ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
1 Samuel 2:30ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
Psalms 59:5အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
Malachi 2:4ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''