Nehemiah 13:31
အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 5:19အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
Nehemiah 10:35ငါတို့သည်နှစ်စဉ်နှစ်တိုင်းမိမိတို့ရိတ်သိမ်း ရရှိသည့်အသီးအနှံဦးများကိုလည်းကောင်း၊ ငါတို့သစ်သီးပင်များတွင်အဦးမှည့်သည့် အသီးများကိုလည်းကောင်းဗိမာန်တော် သို့ယူဆောင်ခဲ့ပါမည်။
Nehemiah 13:14အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
Psalms 25:7အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
Psalms 106:4အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါ ကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။ သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။