The Bible Software
bible.software › Nehemiah › Nehemiah 5 › Nehemiah 5:10

Nehemiah 5:10

ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-

Common Language Bible

In The King James Version

I likewise, and my brethren, and my servants, might exact of them money and corn: I pray you, let us leave off this usury.

In Context

9ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။-

11သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။

Read all of Nehemiah 5

Cross References

Exodus 22:25``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

Nehemiah 5:7အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-

Psalms 15:5သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

Ezekiel 18:8သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-

Micah 2:1အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-

1 Corinthians 9:12သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 5:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 5:9Nehemiah 5Nehemiah 5:11 →