Nehemiah 8:15
သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 8:11ညနေချမ်းအချိန်တွင်ချိုးငှက်သည်နှုတ်သီးဖြင့် သံလွင်ရွက်စိမ်းကိုကိုက်ချီလျက်နောဧထံသို့ ပြန်လာ၏။ ထို့ကြောင့်ရေကျပြီဖြစ်ကြောင်း နောဧသိရှိရလေ၏။-
Leviticus 23:40ထိုနေ့၌အကောင်းဆုံးသစ်သီးများ၊ စွန် ပလွံခက်များ၊ အရွက်ဝေဆာသောအကိုင်း အခက်များကိုယူ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသောပွဲတော် ကိုစတင်ကျင်းပလော့။-
Judges 9:48မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-
John 12:13စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။