တောလည်ရာကျမ်း 1:20
ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ဦးရေ ရုဗင် ၄၆၅၀၀ ရှိမောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယုဒ ၇၄၆၀၀ ဣသခါ ၅၄၄၀၀ ဇာဗုလုန် ၅၇၄၀၀ ဧဖရိမ် ၄၀၅၀၀ မနာရှေ ၃၂၂၀၀ ဗင်္ယာမိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာရှာ ၄၁၅၀၀ နဿလိ ၅၃၄၀၀ စုစုပေါင်း ၆၀၃၅၅၀
Common Language Bible
In The King James Version
In Context
Cross References
Genesis 29:32မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
Genesis 46:9ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊-
Numbers 2:10တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ရုဗင် ရှေဒုရ၏သားဧလိဇုရ ၄၆၅၀၀ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ၅၉၃၀၀ ဂဒ် ဒွေလ၏သားဧလျာသပ် ၄၅၆၅၀ စုစုပေါင်း ၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
1 Chronicles 5:1ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-