တောလည်ရာကျမ်း 11:10
လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 11:1လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
Numbers 12:9ထာဝရဘုရားသည် သူတို့ကိုအမျက်ထွက် တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်ပြန်လည်ကြွ သွားလျက်၊-
Numbers 16:27သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။ ဒါသန်နှင့်အဘိရံတို့သည်သားမယား များနှင့်အတူထွက်၍ မိမိတို့တဲဝ၌ရပ် နေကြသည်။-
Numbers 21:5ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
Psalms 78:21ထိုသူတို့၏စကားကိုကြားတော်မူသောအခါ ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။ သူတို့သည်ကိုယ်တော်ကိုအားမကိုး။ ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။ အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
Psalms 106:25သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။