Psalms 78:21
ထိုသူတို့၏စကားကိုကြားတော်မူသောအခါ ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။ သူတို့သည်ကိုယ်တော်ကိုအားမကိုး။ ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။ အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 11:1လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
Numbers 11:10လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
Psalms 78:31ဘုရားသခင်သည်သူတို့အား အမျက်ထွက်တော်မူသဖြင့်အသန်စွမ်းဆုံး လက်ရွေးစင်ဣသရေလလူငယ်လူရွယ် များကို သေဒဏ်သင့်စေတော်မူ၏။
1 Corinthians 10:5သို့ဖြစ်စေကာမူထိုသူတို့အနက်လူအများ တို့အားဘုရားသခင်နှစ်သက်တော်မမူ။ ထို့ ကြောင့်သူတို့သည်တောကန္တာရ၌သေကြေ ပျက်စီးကြ၏။
Hebrews 12:29အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။